အမြို့မြို့အနယ်နယ်သတင်းများ

Jul 31,2021
ကရင်ပြည်နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် သတ်မှတ်စုရပ်များတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။
Jul 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် သိန်တန်းရပ်ကွက် အခြေခံပညာ အထက်တန်း ကျောင်းသပြေခန်းမဆောင်၌ ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့လယ် ၂ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
Jul 31,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပေး နိုင်ရန်အတွက် Sinopam အမျိုးအစား ၁၈၉၀ လုံး ရရှိရာ ယမန်နေ့က နံနက် ပိုင်းက ရောက်ရှိကြောင်း ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 
Jul 31,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ‌ ပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံး၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 31,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၁)နာရီက  ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာ၌ စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
Jul 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ် အထက် မိဘပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို  ယနေ့၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်. ကြံခင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။