အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၁၅)ရပ်ကွက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)လမှတစ်နှစ် ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက်(၉) နာရီမှ ညနေ (၃)နာရီအထိ၊ ပုဏ္ဏား ကျွန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်နေ ရာများ၌ စတင်ထိုးနှံပေး လျက်ရှိသည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် မအူပင်မြို့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပံ့ပိုးကူညီလှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ဆောင်ရွက်သည်။
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းဖြစ်သည့် "ဂျော်(၂)" ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ RDT Test Kit ဖြင့်စစ်ဆေးပြီးသည့် ကိုဗစ်-၁၉ ရောဂါပိုးမရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့် ကကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက် အောင်ဓမ္မစေတီကုန်း၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်က်ရှိ ကြောင်း သိရသည်။
Jan 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆေးရုံသုံးကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် လူနာစောင့်များ နားနေဆောင် ဆောက်လုပ်လှူဒါန်းမှု အခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပ ပြုလုပ်ရာ ဆရာတော် သံဃာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။
Jan 11,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း(၉)နာရီအချိန်က မြို့ပေါ်ရှိလူစည်ကားရာနေရာများ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 11,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊​ ဒေသခံပြည်သူများ ကိုဗစ်_၁၉​ရောဂါ ကင်း​ဝေး​စေရန်နှင့် ကိုဗစ်_၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအားဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီး​စျေးဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။