Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ်ကျေးရွာများအတွင်း နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Jul 31,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့် ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့က ညောင်ဝန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ (၁)ရက်နေ့တင်ထိုးနှံပေးမည်
Jul 31,2021
တာချီလိတ်မြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ (၁)ရက်နေ့မှ စတင်ထိုးနှံ ပေးသွားမည်ဟု သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင်အဆင့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 31,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၃)နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာမုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် အောက်စီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 31,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် အရေးကြီး လူနာများ အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်စီဂျက်စက်ဝယ်ယူ တပ်ဆင်နိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆး
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်အရေးပေါ် လိုအပ်လာပါက အောက်ဆီဂျင် အလုံအလောက် ရရှိစေနိုင်ရန်အတွက် တပင်ရွှေထီးလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ အလှူရှင် ဦးဉာဏ်ထွန်း(ခ) ဦးဒလစ်က လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေမှုကို ယမန်နေ့နံနက် ၁၁ နာရီခွဲက အမှတ် (၆) ရပ်ကွက် မြို့ရှောင်လမ်းရှိ စက်ရုံတည်ဆောက်လျက်ရှိသည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်…
Jul 31,2021
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်တက်ရောက်၍ ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်
Jul 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်အထက် ဘိုးဘွားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ကို ယနေ့ မွန်းလွဲပိုင်း(၅)နာရီအချိန်ခန့်တွင် တာဝန်ရှိသူများက လှည့်လည် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက်ရှိ အဘိုးအဘွးများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်ရှိ အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ညနေ(၄) နာရီ အချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူ တို့က မြို့နယ်စည်ပင်သာယာခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23084
Page
23085
Page
23086
Page
23087
Current page
23088
Page
23089
Page
23090
Page
23091
Page
23092
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department