ဟင်္သာတ ဇန်နဝါရီ ၁၁
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းရှိန် က Talk Show ဆွေးနွေပွဲ ကျင်းပ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးလှိုင်ထွဠ် က ``၂၀၁၉ ခုနှစ် မတ်လ ကစတင်ပြဌာန်း လိုက်သော စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မူများ ကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား အတွက် စားသုဲးသူများ ရရှိခံစား ရမည့် အကျိုးကျေးဇူးများ ၊ သိရှိသင့်သည့် အချက်အလက်များ ´´စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာပေ ဆွေးနွေးပွဲများ ၊ အသိပညာပေး Talk Show ပွဲများ ၊ စာအုပ်စာစောင်ပြပွဲများ ကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော်