အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင်သံဃာတော်များနှင့်အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ (၉)နာရီအချိန် က ဆေးထိုးစုရပ်(၂)နေရာတွင် ထိုးနှံပေးခဲ့သည်။
Aug 02,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံခဲ့ပြီး ယမန်နေ့တွင် ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် ၉ နာရီ အချိန်က ထိုးနှံပေးခဲ့ပါသည်။
Aug 02,2021
  မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့နယ် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများ၌ တပြိုင်တည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်၍ အသက် ၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့ တွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
Aug 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid -19 Vaccine များကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာမြင့်နှင့် အဖွဲ့တို့က သိမ်ဖြူလက်ဝှေ့ရုံ တွင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
Aug 02,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊အရှေ့ပိုင်းခရိုင် ၊တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၌ အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယမန်နေ့ နေ့လည်(၁၁:၀၀)နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ‌ပရဟိတအသင်း(၇)သင်းမှ အဖွဲ့ဝင် (၆၇)ဦးအား ယမန်နေ့ ညနေ ၄နာရီက မြို့သစ်ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။
Aug 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။