အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ အောင်မင်္ဂလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဩဘာသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇမဟာထေရ်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် ဘဝနတ်ထံသို့ ပျံလွန်တော်မူသွားပါသဖြင့် ကြွင်းကျန်ရစ်သောဥတု ဇရုပ်က လာပ် တော်အား အန္တိမဈာပနပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းကော်မတီ အသီသီးမှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဆားမှော်အောင် မင်္ဂလာကျောင်းတိုက်၌ ယမန်နေ့ ‌နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်စေရန်၊ ရောဂါ ဖြစ်ပွားလာပါက အသက်ဆုံးရှုံးရမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်စေရန် ယမန်နေ့ နံနက်ပိုင်းက Mobile Team နှင့် ကျေးရွာ(၅)ရွာတို့တွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် ယနေ့နံနက် (၈)နာရီကစတင်၍ မြို့ပေါ် ကွန်ကျိုင်းရပ်ကွက်၊ စျေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့ပေးရန်အတွက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ် မတ်လအထိ (၆) လ ဘတ်ဂျက် ပထမ (၃) ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ (ကိုယ်ဝန်ဆောင်မိခင်) စာရင်းအသစ် ကောက်ယူခြင်းနှင့် ယခင်ထောက်ပံ့ ကြေးရရှိသည့် အကျိုးခံစားခွင့် စာရင်းအဟောင်းများ Update ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်း၍ စာရင်းများ ကွင်းဆင်းကောက်ခံခဲ့ကြောင်း သိရသည်။
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
Jan 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သတင်းစာဆရာအသင်းနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်၊ ကာကွယ်ဆေးများကိုပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ၊ကာကွယ်ဆေးထိုးနှံရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့်နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့်သိမ်ကြီးစျေးဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။