အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ကာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းတွင် ပြောင်းလဲလာသော စိုက်ပျိုးရေးပုံစံနှင့်အညီ စိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခင်ကကဲ့သို့ သီးနှံ(သို့)ပန်းမန်များကို ပုံသေစိုက်ပျိုးခြင်းအစား စျေးကွက်လိုအပ်ချက် နှင့်အညီ ရာသီအလိုက် သီးနှံများ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက သုံးသပ်ပြောပြသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 14,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Jan 14,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍ​ရေးနှစ် ပထမသုံးလပတ် (​အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် အသက် ၈
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းအစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအား မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်ရာ ရောက်လိုက်လံပေးအပ် ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။
Jan 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယနေ့နံနက် (၁၀)နာရီအချိန် က မြို့ပေါ်လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။