ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်၊ ကာကွယ်ဆေးများကိုပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ၊ကာကွယ်ဆေးထိုးနှံရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့်နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့်သိမ်ကြီးစျေးဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကိုဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်အတွင်းရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာကာကွယ်ဆေးထိုးနှံခြင်းကိုသက်ဆိုင်ရာ၊ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး၊ ယနေ့တွင် မင်္ဂလာစျေးဓမ္မာရုံ၌ ဒုတိယအကြိမ်ကာကွယ်ဆေးလာရောက် ထိုးနှံသူစုစုပေါင်း (၅၀၄)ဦး ရှိကြောင်းသိရသည်၊

အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သိမ်ကြီးစျေးဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၁၈နှစ်နှင့်အထက် ပထမအကြိမ်ဆေးလာရောက် ထိုးနှံသူ စုစုပေါင်း (၇၇)ဦးရှိကြောင်း သိရ သည်။ ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပရဟိတအသင်းများပူးပေါင်း၍ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကိုအဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိသည်။

အောင်မြင့်(ပြန်/ဆက်)