မြင်းမူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကပ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မြင်းမူ   ဇန်နဝါရီလ       ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ    ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၂)နှစ်အထက်နှင့်   အသက်(၁၈)နှစ်ပြည့် ပြီးသူများကိုလည်းကောင်း၊ နိုင်ငံသားဖြစ် ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ဦးစားပေး အစီအစဉ်အလိုက်  (အခမဲ့) ကွင်းဆင်းဆေင်ရွက်ပေး ခြင်းဖြစ်ကြောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန   မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့်ထံမှ သိရှိရသည်။

ယနေ့ချိန်ထိ မြင်းမူမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစီစစ်ရေကတ်နှင့် အိမ်ထောင်စုဇယား ပြုလုပ်ပေးနိုင်ခဲ့သူပေါင်း (၈၆၅)ဦး ရှိပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင်းမူ (ပြန်/ဆက်)