အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှား ရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးစီး၍ "ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ဆိုင်းမွန်ကျေးရွာ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခွဲ (တောင်ကြီးမြို့)မှ ကြီးမှူး၍ ရှမ်းပြည်နယ် ခရီးသွားကျေးရွာ ဖော်ဆောင်ရေးစီမံကိန်း၊ ဆိုင်းမွန်ခရီးသွားကျေးရွာ၊ ခရီးသွားလုပ်ငန်း သင်တန်းများ ဖွင့်လှစ်ခြင်းအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask  campaign ပြုလုပ်ခြင်းကို ယနေ့နံနက်  ၈ နာရီက လူစည်ကားရာ ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကိုထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ရေနံချောင်းမြို့နယ်၊ စခန်းကန်ကျေးရွာအုပ်စု၊ စခန်းကန်ကျေးရွာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးအောင်ချမ်းညိမ်း ဦးဆောင်သော ဝန်ထမ်း(၄)ဦးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက EM ဘိုကာရှီ သဘာဝမြေဩဇာမြေဆွေးပြုလုပ်နည်းကို တောင်သူများအား လက်တွေ့သင်ကြား ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ၌ မင်းရွာကိုင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက  တောင်သူများကို လက်တွေ့သင်ကြားပေးခဲ့သည်။