Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပညာ စာကြည့်တိုက် ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လည် (၁)နာရီက အခြေခံပညာစာကြည့်တိုက် ဆင့်ပွားသင်တန်းကို စာကြည့်တိုက်ပညာ စိတ်ဝင်စားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရားအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရား အတွင်း ယမန်နေ့နံနက်၉နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပန်းခင်း စီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၊ ကန်ပြည့်ကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှစ်ခန်းတွဲ လက်ဆေးဘေစင်နှင့် ငွေကျပ်ငါးသောင်း ထောက်ပံ့လှူဒါန်း
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းဖွင့်ရာသီကာလ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ်၊ ကန်ပြည့်ကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းသို့ သွားရောက်ပြီး နှစ်ခန်းတွဲ လက်ဆေးဘေစင်နှင့် ငွေကျပ်ငါးသောင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု စာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးဆက်လက် ဆောင်ရွက်ပေးလျက်ရှိ
Jan 15,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ကျေးလက်နေပြည်သူများ ရရှိရေးအတွက်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး မှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇) ဦးတို့ကသကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ကျွံထိန်းကုန်းကျေးရွာ ဝဏ္ဏဝေဓာမိ ဘုန်းတော်ကြီး ကျောင်းအတွင်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ပေးလျက် ရှိကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင်နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Jan 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ၁၅ ရက်နေ့က နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် မြို့တွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျှက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ငါးလုပ်ငန်းစခန်း၏ အခြေခံငါးမွေးမြူရေးနှင့် ရွှေဝါငါးကြင်း သားဖောက်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ
Jan 15,2022
“အခြေခံငါးမွေးမြူရေးကို သိရှိကာ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်ငါးမွေးမြူရေးကို လုပ်ကိုင်တတ်စေရန်၊ မိမိဒေသပတ်ဝန်းကျင်ရှိ ငါးသယံဇာတကို ထိန်းသိမ်ခြင်းအားဖြင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရန်အတွက်ရည်ရွယ်ပြီး” စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ပုသိမ်ငါးလုပ်ငန်းစခန်း၏ အခြေခံငါးမွေးမြူရေးနှင့် ရွှေဝါငါးကြင်း သားဖောက်ခြင်း သင်တန်းဖွင့်ပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့ ညနေပိုင်းအချိန်တွင် ပုသိမ်လေတပ်စခန်းဌာနချုပ်၊ မွေးမြူရေးလုပ်ငန်းများတည်ရှိရာ ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်
Jan 15,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ၊ မတ် ၁၅ ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ် လမ်းခင်းခြင်းနှင့် လမ်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22998
Page
22999
Page
23000
Page
23001
Current page
23002
Page
23003
Page
23004
Page
23005
Page
23006
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department