အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ ) ကျောင်း၀င်းအတွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၆ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ် ဆေးထိုးနှံသူ စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၅၆၅)ဦးအားထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Jan 15,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီကဌာဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တစ်ပိုင်တစ်နိုင် နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jan 15,2022
ကျေးလက်ပြည်သူများနှင့်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့်လယ်ယာသုံးစက်များ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။ 
Jan 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယနေ့နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့ပြနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနမှဝန်ထမ်းများစုပေါင်း၍ အမှတ်(၁၀)ရပ်ကွက်သံလွင်လမ်းရှိ လမ်းသားမြေပိုများနှင့် ရေနုတ်မြောင်းအား သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအဖွဲ့ဖြင့်ရှင်းလင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။