ရန်ကင်း ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သတင်းစာဆရာအသင်းနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသင်မောင်ဆွေက ပြောကြားရာတွင် ယခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်လက်တွဲပြီး စာပေရေးရာကိစ္စများ ဆောင်ရွက်လိုပါကြောင်း၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်လိုပါကြောင်း၊ လိုအပ်သည်များရှိပါကလည်း ညှိနှိုင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးကလည်း စာရေးဆရာကြီးများနှင့် တွေ့ဆုံရသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း၊ ဌာနနှင့်ဆက်နွယ်သည့် စာပေရေးရာလုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းလက်တွဲရမည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင် လုပ်ငန်းများကိုလည်း အတူလက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သတင်းစာဆရာအသင်းမှ စာရေးဆရာ၊ ဆရာမကြီးများက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာပေနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန် စသည်ဖြင့် အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရန်ကင်းမြို့နယ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသင်မောင်ဆွေ၊ စာရေးဆရာ ကိုလေး-၇၄၊ စာရေးဆရာမ မအိ(ကဗျာ)၊ စာရေးဆရာ ကိုရွှေဝင်းသန့် နှင့် နွယ်နွယ် (ပညာရတနာဂျာနယ်)တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှလှထွေး