မိုင်းပန် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့ပေးရန်အတွက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ် မတ်လအထိ (၆) လ ဘတ်ဂျက် ပထမ (၃) ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ (ကိုယ်ဝန်ဆောင်မိခင်) စာရင်းအသစ် ကောက်ယူခြင်းနှင့် ယခင်ထောက်ပံ့ ကြေးရရှိသည့် အကျိုးခံစားခွင့် စာရင်းအဟောင်းများ Update ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်း၍ စာရင်းများ ကွင်းဆင်းကောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် မိုင်းပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးဖွားပြီး အသက် (၂) နှစ်ပြည့်သည်အထိ လစဉ်(၁)လလျှင် ငွေကျပ် (၁၅ဝဝဝ) ကျပ်နှုန်းဖြင့် (၃)လ တစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရပြီး ထိုသို့ကွင်းဆင်း၍ စာရင်းများကောက်ခံရာတွင် ယခင် ထောက်ပံ့ကြေးရရှိထားသည့် အကျိုးခံစားခွင့် စာရင်း အဟောင်းများကိုလည်း တပါတည်း Update ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းရရှိသည်။
မိုင်းပန်(ပြန်/ဆက်)