အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသည့် ပြည်ခရိုင်လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Jan 15,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက နဘူးကွဲကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Jan 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Mobile Phone ဖြင့် သတင်းဗီဒီယို ရိုက်ကူး/ တည်းဖြတ် ပေးပို့နည်း ဆင့်ပွားသင်တန်းကို၊ ယမန်နေ့ နံနက်(၉)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်း အနားကို ယနေ့နံနက်(၉)နာရီက ဝိန်းနေရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အိုမီခရွန် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးအကြောင်းသိကောင်းစရာTalk Showကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 15,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၈)နာရီက အလမန်းတူးချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
Jan 15,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချ နိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၁၈ နှစ် အထက်ပြည်သူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 15,2022
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံရှေ့တစ်လျှေက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။