မိုးကောင်း ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ အောင်မင်္ဂလာ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဩဘာသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇမဟာထေရ်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် ဘဝနတ်ထံသို့ ပျံလွန်တော်မူသွားပါသဖြင့် ကြွင်းကျန်ရစ်သောဥတု ဇရုပ်က လာပ် တော်အား အန္တိမဈာပနပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းကော်မတီ အသီသီးမှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဆားမှော်အောင် မင်္ဂလာ ကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဆရာတော်သံဃာတော်များ၊ ပြည်နယ်သာသနာရေးမှူး ဦးဝင်းဇော်ညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အဖွဲ့ အစည်းများ၊ ဒကာ/ဒကာမများ တက်ရောက်ပြီး ကော်မတီအလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများအား အသီးသီးချပြရှင်းလင်း ဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိ သူများက သိုက်သိုက်ဝန်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ အန္တိမအဂ္ဂီဈာပနကျင်းပသွားမည်ဖြစ်ပြီး (၄-၂-၂၀၂၂)နေ့ နေလယ်(၁၂) နာရီတွင် ယာယီစံကျောင်း တော်မှ လှည်းဝါးရုံသို့ ပင့်ဆောင်ခြင်း အခမ်းအနားဖြင့် လည်းကောင်း၊ (၅-၂-၂၀၂၂) ရက်နေ့နံနက် (၈)နာရီတွင် မန္တလေးမြို့မစိုရိမ်တိုက်သစ် နာယကစာချ ဓမ္မပါကဋကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်ချီးမြှင့်ခြင်း၊ နေ့(၁၂)နာရီမှ (၅)နာရီထိ မြန်မာပြည်သွေးဆိုင်းအဖွဲ့နှင့် နိုင်ငံကျော်အငြိမ့်မင်းသမီးက ဧယဉ်ကျူးခြင်း၊ အဆိုတော်တိုမှ လှေလှော်ယိမ်းအဖွဲ့ဖြင့် ဧည့်ခံပူဇော်ခြင်းဖြင့်လည်းကောင်း၊(၆-၂-၂၀၂၂)ရက်နေ့နံနက် (၈)နာရီ တွင် နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြားချီးမြင့်ခြင်း၊ ဧယဉ်ကျူးခြင်းနှင့် နေ့လယ်(၁)နာရီခွဲတွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)