အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ယနေ့နံနက် ၈ အချိန်တွင် ဇလွန်​မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့၌ ပြုလုပ်ခဲ့ကြသည်။
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃)မိုင်မြို့သစ်တွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်ကတိုင်းဒေသကြီး မူလရန်ပုံငွေနှင့် တည်ဆောက်ပြီးစီးခဲ့သော မြို့နယ်ဥပဒေ ရုံးသစ်နှင့်ဝန်ထမ်းအိမ်ယာအဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရှိရသည်။
Jan 15,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခံတက်ကုန်းကျေးရွာနှင့် မုန်တိုင် ကျေးရွာချင်းဆက်လမ်းပေါ် Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
Jan 15,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါကာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ Kinectics Arts Co.Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
Jan 15,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ အထက မြစိမ်းရောင်ခန်းမ၌ ထိုးနှံခဲ့ကြောင်းသိရသည်။
Jan 15,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး မုန်တိုင်ကျေးရွာ၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ၊လုပ်အားများ၊ပစ္စည်းများဖြင့် ကျေးရွာတွင်း လမ်း များအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရာ(၇၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
Jan 15,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၃၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။