မိုင်းပျဉ်းမြို့တွင်နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

မိုင်းပျဉ်း  ဇန်နဝါရီ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ၁၅ ရက်နေ့က နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် မြို့တွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျှက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာအုပ် ငှားရမ်းဖတ်ရှုခြင်း မပြုလုပ်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်ရှိသုတ/ရသစာအုပ်များကို အမျိုးအစားစုံလင်စွာယူဆောင်၍ပြည်သူများလက်ဝယ် အရောက် သွားရောက်ကွင်းဆင်း၍ ငှားရမ်းပေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့်လည်း ပြည်သူများ စာပေကိုတန်ဖိုးထားချစ်မြတ်နိုးတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသည့် ဗဟုသုတများ၏ ကောင်းကျိုးများကို သိရှိနားလည်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များကိုအခမဲ့ကွင်းဆင်း၍ ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)