ပွင့်ဖြူ ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းဖွင့်ရာသီကာလ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ်၊ ကန်ပြည့်ကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းသို့ သွားရောက်ပြီး နှစ်ခန်းတွဲ လက်ဆေးဘေစင်နှင့် ငွေကျပ်ငါးသောင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဌ ဦးအောင်စန်းမြင့် ဦးဆောင်သော တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကန်ပြည့်ကျေးရွာ (အ.ထ.က -ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော နှစ်ခန်းတွဲလက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လက်ဆေးဘေစင် တပ်ဆင်ခ ငွေကျပ် ငါးသောင်းတို့ကို တာဝန်ရှိ သူများထံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ပွင့်ဖြူမြို့နယ်၊ ကန်ပြည့်ကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းနှင့် ငါးခြောက်ကျွန်းကျေးရွာ (အ.ထ.က)ကျောင်းတို့ အပါအဝင် အခြေခံပညာ(အ.ထ.က)ကျောင်း (၁၁)ကျောင်းအား ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဌ ဒေါက်တာထွန်းထွန်းထံမှ သိရသည်။
ရဲဝင်းနိုင်