ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရားအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဦး    ဇန်နဝါရီ    ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရား အတွင်း ယမန်နေ့နံနက်၉နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပန်းခင်း စီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများမှ နိုင်ငံသားစီစစ်ရေးကတ် မလုပ်ရသေးသူ ပြည်သူများအဆင်ပြေစေရေးအတွက် ရွှေဂူကြီး ဘုရားအတွင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းများကိုလဲရေးသွင်း ဆောင်ရွက်ပေးခဲ့သည်။ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အနော်ရထာခန်းမနှင့် ပြည်သူ့ဆေးရုံတွင် နေ့စဥ်ဆောင်ရွက်ပေး နေသော်လည်း ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် ရွှေဂူကြီးဘုရား အတွင်း ကွင်းဆင်းထိုးနှံပေးခဲ့သည်။ကာကွယ်ဆေးတကြိမ်မှ မထိုးနှံရသေးသည့် အသက်၁၈နှစ်အထက် ပြည်သူ ၆၆ ဦးအား Covid Shield ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ထိုးနှံပြီးသူ ၂၀ဦးအား Sinopharm ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့  ခေတ္တရဲမှူး မိုးကျော်အောင် တို့လာရောက်၍ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေပုံနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ပြည်သူများ အပြည့်အဝထိုးနှံစေရေး ပြည်သူများအား ပညာပေး တိုက်တွန်း ပြောကြား ခဲ့သည်။ ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ၅၀ရာခိုင်နှူန်း လူဦးရေ ၄၅၅၈၄ ဦးရာထားထားရာ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၁၆၄၃၀ဦးရှိပြီး ရာခိုင်နှူန်း အနေဖြင့် ၃၆.၀၄ ဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၁၄၇၄၇ဦးရှိ၍ ၃၂.၃၅ ရာခိုင်နှူန်း ထိုးနှံပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)