တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း”ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု စာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးဆက်လက် ဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီ ဇန်နဝါရီလ ၁၅

“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ကျေးလက်နေပြည်သူများ ရရှိရေးအတွက်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန  တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး မှ(လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇) ဦးတို့ကသကျက်ကျေးရွာ အုပ်စု-ကျေးရွာခွဲ(၈) ရွာမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ကျွံထိန်းကုန်းကျေးရွာ ဝဏ္ဏဝေဓာမိ ဘုန်းတော်ကြီး ကျောင်းအတွင်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ပေးလျက် ရှိကြကြောင်း  သိရှိရသည်။

ထိုသို့"ပန်းခင်း"စီမံချက်ဖြင့် သကျက်ကျေးရွာအုပ်စုအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေး ရာတွင် ဇန်နဝါရီလ၁၁ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ အသက် (၁၀)နှစ်ပြည့်နိုင် (၃/က) ကျား(၁၉)ဦးနှင့် မ(၂၆)ဦး၊ ပေါင်း(၄၅)ဦး၊ အသက်(၁၀) နှစ်ပြည့်မှ(၁၈)နှစ်ပြည့် နိုင်(၃/က မှနိုင် ၆/က)သို့ လဲလှယ် ကျား(၁၄)ဦးနှင့် မ(၃၈)ဦး၊ ပေါင်း(၅၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်(၆/က) ကျား(၁၁၄)ဦးနှင့်မ(၉၅)ဦး ၊ ပေါင်း(၂၀၉)ဦး၊ ကတ်ပြားပျောက်ဆုံး /ပျက်စီး သဖြင့် လျှောက်ထားသူ ကျား(၁၁)ဦနှင့် မ(၁၉)ဦး၊ ပေါင်း(၃၀)ဦး၊   သို့ပါ၍ နိုင်ငံသား ကတ်ပြုလုပ်သူ ကျား (၁၄၃)ဦနှင့်မ(၁၇၀)ဦး အားလုံး စုစုပေါင်း (၃၁၃)ဦးနှင့်အိမ်ထောင်စု လူဦးရေးစာရင်း(၇၉)စုကို ပြုလုပ်ပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကျေးရွာအုပ်စုအတွင်းမှာ အိမ်ခြေ(၁၃၀၀)ကျော်ရှိ၍ လူဦးရေအားဖြင့်(၇၂၀၀) ကျော်ရှိသဖြင့် ပြီးစီးသည် အထိ ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း