ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပညာ စာကြည့်တိုက် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဆင်ပေါင်ဝဲ   ဇန်နဝါရီ     ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လည် (၁)နာရီက အခြေခံပညာစာကြည့်တိုက် ဆင့်ပွားသင်တန်းကို စာကြည့်တိုက်ပညာ စိတ်ဝင်စားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာအုပ်စာပေများကို ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ ပျောက်ဆုံးပျက်စီးမှုများ လျော့နည်းစေရန်နှင့် စာအုပ်များကို ချစ်ခင်တတ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်တန်းကို စတင်ခဲ့ကာ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက စာအုပ်များ စတင်ရောက်ရှိချိန်တွင် ဖွင့်ဖောက်စစ် ဆောင်ရွက်ရန်လိုကြောင်း၊ စာအုပ်များကို ပညာရပ် (၁၀)မျိုး ခွဲခြားထားကြောင်း၊ ပညာရပ်ခွဲခြားထားသော စာအုပ်များကိုလည်း သက်ဆိုင်ရာပညာရပ် စာအုပ်အသီးသီးတွင် ထည့်သွင်း ရေးသားရကြောင်း၊ ရသစာအုပ်များဖြစ်သော ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ဂျာနယ်များကိုလည်း သီးခြားစာအုပ်တစ်အုပ်စီဖြင့် မှတ်တမ်းထားရမည်ဖြစ်ကြောင်း၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှု၊ ထားသိုမှုလုပ်ငန်းများကို သင်ကြားပြသပေးခဲ့သည်။

သင်တန်းကို စာကြည့်တိုက်ပညာ စိတ်ဝင်စားသည့် သင်တန်းသား(၂၀)ဦး တက်ရောက်ကာ စာအုပ်များအား ပညာရပ်လက်တွေ့ ခွဲခြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း