Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုင်းတုံ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Feb 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးမှူး ဦးမင်းဟန် တက်ရောက်ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 10,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပသော"(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာဆွေနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အ.မ.က မူလွန် (၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမဆောင်တွင် မူလတန်းအကြို ကျောင်းသား/သူကလေးများက ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က ကစားနည်း(၄)မျိုးဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သင်တန်းဖွင့်လှစ်
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က တမူးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကောလင်းခရိုင်အတွင်းရှိ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်ဘည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန် အောင်ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ် ယူဝမ်းမြောက်ပါကြောင်း၊ လူမူမိဒိယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရားဖြစ် ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန် ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး တရား ဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေ များအား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် သံဃာ့နာယကအဖွဲ့ ရွေးချယ်တင်မြှောက်
Feb 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်သံဃာ့ ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ်သံဃာ့နာယက အဖွဲ့အစားထိုး ရွေးချယ် တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Feb 10,2022
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံး Community Centre ခန်းမလူထု အခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသ…
Feb 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမလူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22588
Page
22589
Page
22590
Page
22591
Current page
22592
Page
22593
Page
22594
Page
22595
Page
22596
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department