အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်၍ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းပါဝင်တတ်စေရန်၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ပြုလုပ်သည်။
Feb 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရတနာခန်းမ၌ ကျင်းပ ခဲ့သည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က ရေတံခွန် ကျောင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်း၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး၊ အားကစားဆိုင်ရာ အသိပညာပေးခြင်းနှင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာ ပေးခြင်း အစီအစဉ်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်က အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာ ကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် တည်ထားကိုးကွယ်သော ရတနာရွှေရောင်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့တွင် ကျင်းပသည်။
Feb 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေး TALK SHOW ကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covic shield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ထိုးရန်ကျန်ရှိ နေသော ပြည်သူများအား (Sinovac)ဆေး ထိုးနှံပေးခြင်း၊ ကိုယ်၀န်ဆောင် နို့တိုက်မိခင်များအား (Sinophane)ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။