အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မိုးကြို ချည်မျှင်ရှည်ဝါ FStoRS မျိုးစေ့ထုတ် အထူးဇုံစံပြကွက် ဧက (၂၀၀) အတွက် ယူရီးယား မြေဩဇာ ရောင်းချပွဲ၊ မျိုးဝါစေ့နှင့် လူနယ်ဆေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ/ အစားထိုး ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Feb 10,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူဆရာ၊ ဆရာမများ စိတ်လက်အပန်းပြေစေရေးနှင့် ဗဟုသုတရရှိစေရေးအတွက် ဖေဖော်ဝါရီ ၁၀ရက် နံနက်ပိုင်းက အဖွဲ့နှစ်ဖွဲ့ခွဲ၍ တပ်ကုန်းမြို့နယ်အတွင်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်လေ့လာ ခဲ့ကြသည်။
Feb 10,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ဗျူဟာ အဖွဲ့ (အခြေချ) (ဟားခါး) စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပ သည်။
Feb 10,2022
မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် အသက် ၁၅ နှစ်အောက် ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ခေါဇာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တိုက်ကျွေးခဲ့သည်။
Feb 10,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်အမှတ် အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၅) မြို့မအခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Feb 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။