လပွတ္တာ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ တိတိကျကျလိုက်နာ ဆောင်ရွက် သွားရန်၊ ရောဂါကာကွယ်ရေးအတွက် အဓိကလိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်း လိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအား ဆေးရုံ ဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version-7) အတိုင်းလိုက်နာ ဆောင်ရွက်ကြရန်၊ ကိုဗစ် ကော်မတီ အတည်ပြုချက်ယူပြီး ကိုဗစ်လူနာကို ပြန်လွှတ်ရန်၊ ပြည်သူအားလုံး (Version-7)ကို သိရအောင် ကြော်ငြာပေးရန်၊ အသက်(၁၂)နှစ် အထက် ဆေးမထိုးရသေးသော ကျောင်းသူ/သား များအား စာရင်းပြန်လည်တင်ပြရန်၊ အောက်ဆီဂျင်စက်ရုံများကို ကြံ့ခိုင်အောင် ထုတ်လုပ်နိုင်အောင် အောက်ဆီဂျင်အိုးများ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရန်၊ Quarantine Center များပြင်ဆင် ထားရန်၊ Positive လူနာများထားမည့် နေရာစီစဉ်ထားရန်၊ မြို့အဝင်/မြို့အထွက် ကျန်းမာရေး လုံခြုံရေး စုပေါင်းစစ်ဆေးပေးရန် စသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကျန်းမာရေးအဆင့် (၁)ဦးထွန်းထွန်းက ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version-7 )ကို အသေးစိတ် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်