အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀နာရီ အချိန်က တောင်သူများ အသိပညာတိုးပွါးပြီး လုပ်ငန်းခွင် အသုံးချနိုင်စေရေး ကျွဲနွား ခွါနာလျှာနာ ရောဂါထိန်းချုပ်ရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု မင်္ဂလာ ပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် ဓမ္မပူဇာအထူးတရားပွဲကို ဖေဖော်ဝါရီလ(၁၃) ရက်နေ့ စတင်ကျင်းပခဲ့ရာ ယမန်နေ့ (၇) နာရီအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခဲ့သည်။
Feb 16,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့အလံတင် အခမ်းအနားကို ယနေ့နံနက်၅နာရီက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးအတွင်းရှိ မွန်အမျိုးသားနေ့ကျင်းပရာ မဏ္ဍပ်၌ ကျင်းပခဲ့သည်။
Feb 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ပိန်းကန်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ယမန်နေ့မွန်းလွှဲပိုင်းက ကျောင်းသူများမူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်ဒဏ်များ ကိုသိရှိပြီးရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကိုပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ ဝန်ထမ်းများ အရည်အသွေးမြှင့်မာရေး ခရိုင် ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။