အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ စာအုပ်စာပေကောင်းများကို အလွယ်တကူ ဖတ်ရှုခွင့်ရရှိစေရန်နှင့် စာအုပ်စာပေ များကို ချစ်မြတ်နိုးသော စာဖတ်ပရိတ်သတ်များ စာပေနှင့် ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိပြီး စာပေ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် စာရေးဆရာမ ပေါက်ပေါက် (တင်ထက်ထက်ဇော်)က အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
Jun 29,2021
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့၌ ကျန်းမာရေးဝန်ကြီးဌာနက Stay at home သတ်မှတ်လိုက်သည့် ဇွန်လ(၂၇) ရက်နေ့က စတင်ကာ လားရှိုးမြို့ရှိအခြေခံပညာကျောင်းများကို ယာယီပိတ်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ၏ကြေငြာချက်များအရ သိရှိရသည်။
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်စေရန်အတွက် ရွှေအိုး(၂)မူလွန်ကျောင်း မြေနေရာတွင် ၁၂၀×၃၀ (ပေ) RCC သုံးထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
Jun 29,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုမဖြစ်ပေါ်စေ ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်း သိရှိနိုင်စေရန်နှင့် မူးယစ်ဆေးဝါး၏သားကောင်း မဖြစ် စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jun 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က  “ဖူဆယ်စတား” အားကစား ကွင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 29,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ် ပရဟိတလူမှုကူညီရေးအသင်းများမှ ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နောင်ချိုမြို့ပေါ်၌ ပိုးသတ်‌ဆေးဖျန်းခြင်းလုပ်ငန်းကို ဇွန် ၂၇ နှင့် ၂၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။