Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်
Jun 29,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ သာသနာရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ပန်းသုံးဝဘုန်းတော်ကြီး ကျောင်းသို့ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၄)ဦး ထပ်မံတွေ့ရှိ
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူဟု သံသယ ဖြစ်သူ (၇) ဦးအား Covid-19 Antigen (RDT) test ဖြင့် စစ်ဆေးရာမှ (၄) ဦးမှာ ကိုဗစ်-၁၉ (Positive) ဖြစ်နေကြောင်း တွေ့ရှိရသည်။ အဆိုပါ လူနာများသည် ကျောက်ဆည်မြို့နယ်မှ နာရေးတစ်ခုအား သွားရောက်ခဲ့စဉ် နာရေးသို့ လာရောက်သော မြို့ခံတစ်ဦး၌ ပိုးတွေ့ရှိမှုကြောင့် ဆက်စပ်သူများဖြစ်နေ၍ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများဖြစ်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အောင်ဇေယျမဂ္ဂဇင်း အမှတ်(၂)စာပေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ
Jun 29,2021
အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စီစဉ်ထုတ်ဝေခဲ့သည့် အောင်ဇေယျ မဂ္ဂဇင်း အမှတ်(၂)တွင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ စာပေပြိုင်ပွဲများတွင် အကောင်းဆုံးဆုရရှိသူ စာမူရှင် များ ဆုချီးမြှင့်ခြင်း၊ စာမူရွေးချယ်စိစစ်ရေးအဖွဲ့ (သတင်းစာဆရာကြီးများ၊ စာရေးဆရာကြီးများ) အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် မဂ္ဂဇင်းဖြစ်မြောက်ရေး မတည်အလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေး လုပ်ငန်းများ အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 29,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် မြို့မစျေးတွင် ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၌ မြို့နယ်ကော်မရှင်လုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးပွဲကျင်းပ
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်တွင် ၂၀၂၀ ခုနှစ်ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၏ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများစိစစ်ခြင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့တွင် Mask တပ်ဆင်သွားလာခြင်း မရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်း အ.ထ.က ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့်ဆောင်ရွက်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ အဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22549
Page
22550
Page
22551
Page
22552
Current page
22553
Page
22554
Page
22555
Page
22556
Page
22557
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department