ချောက် ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို နေ့စဉ် နံနက် ၁၀ နာရီ မှ ၁၂ နာရီအထိ လည်းကောင်း၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့က ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး ဌာနဆိုင်ရာဝန်ထမ်း (၉၀) ဦး၊ ပြည်သူ (၇၂) ဦးနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူ (၄၈) ဦးတို့ လာရောက်ထိုးနှံခဲ့ရာ စုစုပေါင်းထိုးနှံသူ (၂၁၀) ဦး ထိုးနှံခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကိုလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရ သည်။
ကျော်မိုး(ပြန်/ဆက်)