ကျိုက်ဒုံမြို့၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဝင်လုံးချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်မှု (၈၀)ရာခိုင်နှုန်းပြီးစီး

ကျိုက်ဒုံ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ မြို့ရိုးတောင်ဝင်းလုံချောင်း၊ သံကူကွန်ကရစ် တံတားတည်ဆောက်ရာ၌ လယ်တောကြီး ကျောင်းဆရာတော်၊ ရွာလုံးတောင်ကျောင်း ဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝင်းလုံချောင်း သံကူကွန်ကရစ်တံတားသည် လယ်တောကြီးကျေးရွာ၊ ရွာလုံတောင်ကျေးရွာ၊ ဘုရားတောင်ကျေးရွာမှ ကျိုက်ဒုံ မြို့ပေါ်သို့ သွားလာရန်အတွက် ဆက်သွယ်ထားသော တံတားဖြစ်ပြီး ကျေးရွာနေပြည်သူများ ရာသီမရွေး အသုံးပြု သွားလာနိုင်စေရေးအတွက် တည်ဆောက်လျက်ရှိရာ တံတားပေအရှည် (၁၃၀)ပေ၊ အမြင့် (၃၀) ပေ၊ အကျယ် (၁၄)ပေရှိပြီး တံတားတည်ဆောက်မှု (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရာနှုန်းပြည်ပြီးစီးအောင် ဆောင်ရွက်နိုင်စေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာနေပြည်သူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်