လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ၊ ဓမ္မပူဇာ ဆက်လက်လှူဒါန်းပွဲ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လည်(၁)နာရီ အချိန်က ကော့ဝန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမောတဿသုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော တရားနာပြည်သူများက ကွမ်ဘီကျောင်းဆရာတော် ဦးဝိသုဒ္ဓထံမှ ငါးပါးသီလခံယူခဲ့သည်။ ထို့နောက် သာသနာ့ဝေပုလ္လအသင်းကြီး၏ အကျိုးတော်ဆောင် အရှင်အဂ္ဂဝံသက စာပြန်ပွဲ တော်၊ ဓမ္မစကြာရွတ်ဆို ပူဇော် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ သာသနာ့ ဝေပုလ္လအသင်း ကြီး၏ အကျိုးတော်ဆောင် အရှင်စန္ဒရက ရသုံးငွေစာရင်းရှင်းတမ်းများ ဖတ်ကြားခြင်းနှင့် ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးကြီးစောချစ်သူနှင့်လှိုင်းဘွဲမြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်တို့က သာသနာရေးဆိုင်ရာ တင်ပြလျောက်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပရိယတ္တိစာပြန်ပွဲမှ အထူးပြန် စာအောင်ဆုနှင့်စာအောင်ဆုတို့ကို ချီးမြှင့်ခြင်း၊ ဆရာတော်/သံဃာတော်များက “နိဒါနုန္ဒေသမှ ပရာဇိကုဒ္ဒေသ” သံဃာရနာတင်ခြင်းနှင့် ကွမ်ဘီကျောင်း ဆရာတော် ဦးဝိသုဒ္ဓထံမှ အနုမောဒနာ တရားချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဓမ္မစကြာအဖွဲ့များ အား အလှူငွေများ ပေးအပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချ အမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)