လမ်းမတော်မြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း ( Mask)များ အခမဲ့ဖြန့်ဝေခြင်း​ဆောင်ရွက်

လမ်းမတော်  ဖေဖော်ဝါရီ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြု လူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၀:၀ဝ နာရီအချိန်က လမ်းမတော်မြို့နယ် အမှတ်(၇)ရပ်ကွက် လမ်းမတော်လမ်းနှင့် ကမ်းနား လမ်းထောင့်ရှိ၊ ညောင်ပင်လေးဈေးပလာဇာ၌ စျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဦးဆောင်၍ ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်‌ရေးအတွက် နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန် အသိပညာ ပေးပြီး၊ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ မြို့နယ်ကျန်းမား​ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူး​ပေါင်း၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်​ခြေနီအဖွဲများ၊ ပရဟိတ အဖွဲ့များနှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့်စျေးများ၊ လမ်းဆုံလမ်းခွများ၊ ကားဂိတ်များ၊ စာသင်ကျောင်းရှေ့တို့တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်နှင့် ရှောင်ရန်အချက် များအား ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးကြေငြာခြင်းအပြင်၊ မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် ( Mask - ၁၅၀၀) ကို ပြည်သူတို့၏ လက်ဝယ် အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်