နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသည့် “မေတ္တာအားသာချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသည့် “မေတ္တာအားသာချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က မိမိဝန်ထမ်းများအနေဖြင့် ပြည်သူကို အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် စာပေကိုအမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ် ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း စသည့် အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မခင်က လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသား သည့် “မေတ္တာအားသာချက်” စာအုပ်ထဲမှ “ပျော်ရွှင်မှုနှင့် အောင်မြင်မှုကို တည်ဆောက်ခြင်း” ခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ပြီး ရုံးဝန် ထမ်းများက စာအုပ်အကြောင်းအရာပါ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း