သံတောင်ကြီး ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများသိရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူက လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲမှူး မောင်မောင်အေးက လူကုန်ကူးမှုခံရသူများ၊ လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှု ခံရသူများ၏စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူကုန်ကူးမှုအမျိုးမျိုး၊ အများအားဖြင့် လူကုန်ကူးခံရသူများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့်နေရာနှင့် ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ