အလုံမြို့နယ်၌ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး(Booster) ထိုးနှံခြင်းဆောင်ရွက်

အလုံ    ဖေဖော်ဝါရီလ   ၁၆

အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ  အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ကို  ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးရာတွင်    ရုရှားသမ္မနိုင်ငံမှ   Spuntnik  Light  Vaccine  ကာကွယ်ဆေးအား  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်မာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊  သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသူများအားဆေးထိုးနှံပြီး မိနစ်(၃၀)အကြာစောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။

ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်း(၁၀၀)ဦးခန့်အား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသောဌာနဆိုင်ရာ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည် ကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်း ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

တင်တင်ချို (ပြန်/ဆက်)