ကျောက်ဆည် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုး ရန်လျာထားခဲ့ရာ(၁၁၃၉၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ဆောင်းကုလားပဲများကို တိုက်နယ်(၁)တွင် (၁၈၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၀၀၃)ဧက၊ တိုက်နယ် (၃)တွင် (၃၉၀)ဧက၊ တိုက်နယ်(၄)တွင် (၁၅၂၅)ဧက၊ တိုက်နယ်(၅)တွင် (၅၀)ဧက၊ တိုက်နယ်(၆)တွင် (၂၃၄၅)ဧက၊ တိုက်နယ်(၇)တွင် (၁၄၅)ဧက၊ တိုက်နယ်(၈)တွင် (၁၁၃၀)ဧက၊ တိုက်နယ်(၉)တွင် (၃၃၁)ဧက၊ တိုက်နယ်(၁၀)တွင် (၄၁၂) ဧက၊ တိုက်နယ်(၁၁)တွင် (၇၄၀)ဧက၊ တိုက်နယ်(၁၂)တွင် (၄၃၂)ဧက စုစုပေါင်း (၁၁၃၉၈)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် V-2 ရေဆင်း(၃)နှင့် ရေဆင်း(၄) ကုလားပဲမျိုးများ အများဆုံးစိုက်ပျိုး ကြကြောင်းကုလားပဲတစ်ဧက စိုက်ပျိုးမည်ဆို ပါက စိုက်နည်းစနစ်အပေါ်မူတည်ကာ ကုလားပဲ မျိုးစေ့(၈)ပြည်မှ (၁၀)ပြည်အထိ အသုံးပြုရကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတု အခြေအနေအပေါ်မူတည်ပြီး တင်း(၂၀)မှ (၂၃)တင်းအထိ ထွက်ရှိကြောင်း ကတဲကျေးရွာမှ တောင်သူ ဦးစိုးဝင်းက ပြောပြ၍သိရှိရသည်။
သက်မောင်(ကျောက်ဆည်)