တံတားဦး ဖေဖော်ဝါရီ ၁၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်မှစတင်၍ နိုင်ငံ့ဝန်ထမ်းများကို Sputnik Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား တံတားဦးမြို့ ပြည်သူ့ဆေးရုံအတွင်း၌ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ထိုးနှံပေးလျက် ရှိကြောင်းသိရသည် ။
ကာကွယ်ဆေးများ ထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်းအလိုက် တစ်ဦးနှင့်တစ်ဦး (၆)ပေကွာမှ နေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းလည်း သိရသည် ။
တံတားဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို နိုင်ငံ့ဝန်ထမ်း များနှင့် ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးရဲတင့်