ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ နေရောင်ပြအင်းဘုရား၌ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၅) ကြိမ်မြောက် အသံမဆဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲသိမ်းပွဲ အခမ်းအနားနှင့် ဘုရားအနေကဇာတင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏဆရာတော်ကြီးက (၉) ပါးသီလချီးမြှင့်၍ ဘုရားဒကာ ဘုရားဒကာမများ ပဌာန်းဒကာ၊ ပဌာန်း ဒါယိကာမများနှင့် အလှူရှင်တို့၏ ပေါင်းစုကောင်းမှု အစုစုတို့ကို တရားရေစဉ်ရေအေး အမြိုက်ဆေးတိုက် ကျွေးကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့သည်။ ထို့နောက် အလှူရှင်များက သံဃာတော်(၅၅)ပါးနှင့် သီလရှင် (၃၅) ပါးတို့အား သံဃဒါနဆွမ်းဆန်စိမ်းများ လောင်းလှူ ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)