အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊ တမုတ်ချုံးအုပ်စု ရေဖြူကျေးရွာကျေးလက်ဆေးခန်းတွင် ဆရာမဒေါ်စုစုအောင်နှင့်ဝန်ထမ်းများမှလည်း ကောင်း၊
Mar 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁ နာရီက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်သီရိဟံသာခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်နှင့် သားသတ် လုပ်ငန်း လိုင်စင်များ ဈေးပြိုင် လေလံတင် စနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေ းဆရာ "နတ်သျှင်(ရွှေဂူ)" ရေးသားထားသည့်  "လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယ​နေ့ နံနက် ၁၁ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရေပေးရေးလုပ်ငန်းများကို ကလော့သော့ကျေးရွာနှင့် အခွန်ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပိုမို လွှမ်းခြုံနိုင်ရန်အတွက် ကိုဗစ်−၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို  ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။