မုဒုံ မတ် ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရေပေးရေးလုပ်ငန်းများကို ကလော့သော့ကျေးရွာနှင့် အခွန်ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကလော့သော့ကျေးရွာ၌ အကျယ် လေးလက်မ၊ အနက် ပေ ၂၀၀ အဝီစိတွင်း၊ရေဂါလံ (၂၅၀၀)ဆံ့ ( အလျား ၁၀ ပေ၊အနံ ၈ ပေ၊ အ နက် ၅ ပေ ၆ လက်မ) ရေစုကန် နှင့် ရေစက်ရုံ ( အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေ ) ကိုလည်ကောင်း၊ အခွန်ကျေးရွာတွင် မြေသားရေကန် တာဘောင်တင်ခြင်း လုပ်ငန်း (၁၈၄၆ ပေ × ၅ ပေ × ၃ ပေ) တို့ကို ၂၀၂၁ - ၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် သန်း ၁၄ ဒသမ ၃၆၃ ဖြင့် ငွေကြယ်ပွင့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)