တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (COVID-19) ရောဂါကာကွယ်ဆေး ပထမ/ ဒုတိယ/ (Booster Dose)ထိုးနှံပေး

တနင်္သာရီ မတ်လ ၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊ တမုတ်ချုံးအုပ်စု ရေဖြူကျေးရွာကျေးလက်ဆေးခန်းတွင် ဆရာမဒေါ်စုစုအောင်နှင့်ဝန်ထမ်းများမှလည်း ကောင်း၊ အရှေ့မော်တုံးအုပ်စု အရှေ့မော်တုံး ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲအတွင်း ဆရာမဒေါ်စုစုအောင်နှင့် ဝန်ထမ်းများမှလည်းကောင်း မတ်လ ၈ရက်နေ့ကအသက်(၁၈)နှစ် ပြည့်ပြီးသူများအား (Sinopharm) ကာကွယ်ဆေးဖြင့် ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်း လုပ်ကိုင်သူ (၈) ဦးနှင့် (Covid Shield) ကာကွယ်ဆေးဖြင့် သတ္တမအသုတ် ဒုတိယအကြိမ် အဖြစ် ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်သား (၁) ဦး၊အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၂၀၀)ဦး၊ စျေးသည် (၅)ဦးမှီခို (၂၅)ဦး ပေါင်း (၂၃၃)ဦးတို့အား ၄င်း အဌမအသုတ်(ပထမ)အကြိမ်အဖြစ် သံဃာတော်(၂)ပါး ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်း (၁)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၇၁)ဦး၊ စျေးသည် (၁)ဦး၊ မှီခို(၁၃)ဦး ပေါင်း (၈၈)ဦး၊ သို့ပါ၍ စုစုပေါင်း(၃၂၉) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး (၆)လနှင့်အထက် ကြာမြင့်ပြီးဖြစ်သော ဝန်ထမ်းများနှင့်အသက်(၆၅) နှစ်အထက်ပြည်သူများကိုလည်း ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးခြင်းအဖြစ် အိန္ဒိယနိုင်ငံထုတ် (Covaxin)ကာကွယ်ဆေးဖြင့် ဌာနဆိုင်ရာဝန်ထမ်း(၁)ဦး၊ အသက်(၆၅) နှစ်အထက်ပြည်သူ(၉)ဦး၊ စုစုပေါင်း(၁၀)ဦး အား ထိုးပေးခဲ့ကြောင်းသိရသည် ။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)