Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေကူမြို့၌ မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 09,2022
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးလျက်ရှိ
Mar 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဦးစားပေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပြီးကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများအား Covishield နှင့် Covaxin ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို စာစစ်ဌာန ၄ ခုဖြင့် စစ်ဆေးသွားမည်
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက် ဧပြီ ၉ ရက်အထိ စစ်ဆေးမည့် (၂၀၂၁-၂၀၂၂ )ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခုဖွင့်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူအားလုံး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်
Mar 09,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပြည်သူအားလုံး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Mar 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးရုံးတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအား ဆေးထိုးစုရပ်များတွင် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိ
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆေးထိုးစုရပ်ဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီးမဏ္ဍိုင်) တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသအတွင်းစားသုံးဆီဖူလုံရေး ဆီထွက်နေကြာ သီးသန့် သီးညှပ် (၅၅၀၀) ဧကတိုးချဲ့စိုက်ပျိုးရန်လျာထား
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆင်းရွှေကြာ-၂ ဆီထွက်နေကြာသီးညှပ် (၁၂၂၀) ဧက၊ နေကြာသီးသန့် (၂၀) ဧက နှင့် ကိုင်းကျွန်း သီးနှံများဖြင့် ဆင်းရွှေကြာ-၂ နေကြာသီးညှပ် (၄၂၈၀) ဧက၊ကိုင်းကျွန်း နေကြာသီးသန့်(၃၀)ဧက၊စုစုပေါင်း (၅၅၀၀)ဧက တိုးချဲ့ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်ခင်ဥမ္မာဟန်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း ရေးသားသော "အရွယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22133
Page
22134
Page
22135
Page
22136
Current page
22137
Page
22138
Page
22139
Page
22140
Page
22141
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department