အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ် ၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ပိုင်ကျုံမြို့အတွင်းရှိ မဲပရကျေးရွာအုပ်စု တနင်းသရောကျေးရွာ၊ နောင်ခွီးကျေးရွာအုပ်စု နောင်ခွီးကျေးရွာနှင့် ပေါက်လောက်ကျေးရွာအုပ်စု တောင်က လေးကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် ယမန်နေ့မှစတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ​ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာ အရောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 09,2022
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် Covid Shield ပထမအကြိမ်ထိုးနှံပြီးသူများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အားကစားခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Mar 09,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပန်းတောစံပြကျေးရွာတွင် နေကြာပန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Mar 09,2022
မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် အသက်(၁၈)ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ တစ်မြို့နယ်လုံး ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံ နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 09,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ် ခွဲစည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များ သက်တမ်းတိုးနှင့် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ ပေးမည့်အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
Mar 09,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၄၀ ဦး အား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။