Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 09,2022
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းဖွင့်လှစ်
Mar 09,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင်၏ လုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများအား မွမ်းမံသင်တန်းကို မတ်လ ၇ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်း မြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနက ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထား
Mar 09,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့် ဇွန်လတွင် မြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Mar 09,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်ဆီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်
Mar 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်နယ်အတွင်း Oxygen လိုအပ်မှုအား ထောက်ပံ့ ကူညီ နိုင်ရေးအတွက် အေးစေတီရပ်ကွက်ရှိ ကော်မတီပိုင် ဥယျာဉ်ခြံအတွင်း အောက်ဆီဂျင်စက်ရုံသစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက (၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးဧက(၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 09,2022
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူး ပေါင်းပြီး စာရေးဆရာမောင်သာမည ရေးသားသည့် “ အောင်မြင်ခြင်းနှင့်ရှုံးနှိမ့်ခြင်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22129
Page
22130
Page
22131
Page
22132
Current page
22133
Page
22134
Page
22135
Page
22136
Page
22137
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department