Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ
Mar 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင် သာယာရေးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်လျက်ရှိ
Mar 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 09,2022
အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က မြို့မမင်္ဂလာဈေးမီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Mar 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန် က မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ သိကောင်းစရာများ အသိပညာပေး Talk Show ဆောင်ရွက်
Mar 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါ သိကောင်းစရာများ အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့လူငယ် လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ကို အမှတ် ၁၃ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် ၂ နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေး
Mar 09,2022
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ၂ နှစ်အောက်ကလေးများအား ငွေကြေး ထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကျောက်မဲမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးများအား တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅၀၀၀- ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာ လများအတွက် ၃ လစာထောက်ပံ့ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၏ တာဝန်ရှိသူများလက်ဝယ်သို့ ယမန်နေ့ နံနက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22128
Page
22129
Page
22130
Page
22131
Current page
22132
Page
22133
Page
22134
Page
22135
Page
22136
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department