အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ‌ရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (ခ) ရပ်ကွက်၊ ဘားအံလမ်း၌ တည်ရှိသည့် အခြေခံပညာ အထက်တန်း ကျောင်းခွဲအတွက် သိပ္ပံဆောင်တည်ဆောက်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Mar 09,2022
​ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေရေး ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်တတ်လာစေရေးနှင့် အားကစားသိပ္ပံကျောင်းသို့ တက်ရောက်နိုင်မည့် ကျောင်းသားကျောင်းသူများရရှိပြီး သွားရောက်ပညာသင်ကြားနိုင်စေရေးအတွက် အားကစားအသိပညာပေး ဟောပြောခြင်းကို ​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က  ကော့ကရိတ်ခရိုင် မြို့နယ်အထက(၀င်းကြီး)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။
Mar 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်း များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာ များဖြစ်သည့် လမ်းဆုံ၊လမ်းခွများသို့သွားရောက်၍ အသိပညာပေး ဗီနိုင်း ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကိုယ်ပိုင်ကျောင်းတို့၌ ဒဿမတန်း (Grade-11) ကို တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်
Mar 09,2022
ကျိုက်ထိုမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း၍ (၄၈)နှစ်မြောက် မွန်ပြည်နယ်‌နေ့အထိမ်းအမှတ်အဖြစ် (ဖူဆယ်)အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇နာရီတွင် ကျိုက်ထိုမြို့နယ် အောင်ဆန်း အားကစားကွင်း (ဖူဆယ်) ဝင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးချွေတာသုံးစွဲနိုင်ရေး နည်းလမ်းများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျောက်တောင်ကျေးရွာ၊ လမ်းဆုံနှင့် ညောင်ရှင်ကုန်းကျေးရွာ၊လမ်းဆုံတို့၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ လူမျိုး၊ဘာသာမရွေး ခရီးသွားလာသူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ခရီးသွားပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။