မံစီ မတ်လ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကျေးရွာများအတွင်းရှိ ကလေးငယ်များအား ကျေးရွာအလိုက် နေရာအကျယ်အဝန်းရှိသည့် ခန်းမဆောင်များ၌ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် နမ်မဖွဲကျေးရွာအုပ်စု၊ ချောင်းထောက်ကျေးရွာအုပ်စုတို့မှ ကလေးငယ်များအား မြို့တော်ခန်းမ၌လည်းကောင်း လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)