လဲချား မတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်သီရိဟံသာခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်နှင့် သားသတ် လုပ်ငန်း လိုင်စင်များ ဈေးပြိုင် လေလံတင် စနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလေလံတင် အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးသိန်းစိုးဦးက လုပ်ငန်းဆိုင်ရာစည်းကမ်းများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံတင်ရောင်းချခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)