တနိုင်း မတ် ၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ "နတ်သျှင်(ရွှေဂူ)" ရေးသားထားသည့် "လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်ဝါဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှော ဖလှယ်နိုင်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်တို့ကို ဆွေးနွေးခဲ့ကြောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဦးဖေအောင်က "ကူးစက်တတ်သော အမူအကျင့်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ (ပြ) ဒေါ်ဂျာအောင်လုက "အတွေးများ လှစေချင်သည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုံးအကူ ဦးရှမ်းဝှမ်းက "ဘဝကို ဆေးရောင်လှလှ ခြယ်သကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက ပြန်လည်ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝါဝါ(ပြန်/ဆက်)