အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
ရမည်းသင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် လေပြင်းဒဏ်ခံနိုင်ရည် မရှိသော လူနေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အတွင်း မတ် ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျေးရွာအုပ်စု(၃၈) အုပ်စုသို့ မြေပြင်ကွင်းဆင်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Mar 10,2022
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော် ဘုရားကြီးတွင် ယမန်နေ့က ဘုရားဖူး ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
Mar 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အားကစားလှုပ်ရှားဆောင်ရွက်မှုအဖြစ် ပညာရေးဌာနနှင့် ပူးပေါင်း၍ ရာမညဓားရေး ၁၀၀ ဓားသိုင်းသရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 09,2022
ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ လုပ်ငန်းတာဝန်ဖွဲ့စည်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ တည်ထားကိုးကွယ် လျက်ရှိသော လွယ်မောစေတီတော်မြတ်ကြီးအား ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ စေတီတော်မြတ်၌ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။